မြန်မာနိုင်ငံ၏ ပထမဆုံးသော
လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော်ကို သောကြာနေ့မှ တနင်္ဂနွေနေ့အထိ
ရန်ကုန်မြို့ ပြင်သစ်သံရုံး ယဉ်ကျေးမှုစင်တာတွင် ကျင်းပလျက်ရှိသည်။
ကမ္ဘာတဝှမ်းရှိ လိင်တူချစ်သူတို့၏ ဘဝကို ထင်ဟပ်သည့် နိုင်ငံပေါင်း
၁၄ နိုင်ငံမှ ရုပ်ရှင်အတိုနှင့် ဇာတ်လမ်းရှည် ၃၃ ကား ပါဝင်ပြသနေသည်။
Rainbow Reels Project မှ လိင်တူချစ်သူလူငယ် ၁၀ ဦးက ပွဲတော်အတွက် ရိုက်ကူးထုတ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားတို ၃ ကား အပါအဝင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတို ၇ကား ပါဝင်သည်။
လိင်တူချစ်သူများ ကြုံတွေ့နေရသော မမျှတခြင်းတို့ကို ရုပ်ရှင်များမှ တဆင့်ပြသပြီး မြန်မာနိုင်ငံရှိ လိင်တူချစ်သူတို့အတွက် တန်းတူညီမျှအခွင့်အရေးရရှိရေး ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်း သိရသည်။
Equality Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး မာ့ခ်မက်ဒိုဝယ်၊ ပြင်သစ်ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတို့က ဖွင့်ပွဲနေ့တွင် အမှာစကား ပြောကြားခဲ့ကြသည်။

- (ဓာတ်ပုံများ – တင်ထက်ပိုင်/ဧရာဝတီ)
Credit to - ဧရာဝတီသတင်းဌာန
No comments:
Post a Comment